ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ အများပြည်သူသွားလာလှုပ်ရှားသည့် လမ်းမကြီးပေါ်တွင် နိုင်ငံတော်ဆန့်ကျင်ရေးစာသားများအား မှုတ်ဆေးဖြင့် ရေးသားသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဧပြီ ၂၃

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ အများပြည်သူသွားလာ လှုပ်ရှားသည့် လမ်းမကြီးပေါ်တွင် နိုင်ငံတော်ဆန့်ကျင်ရေးစာသားများအား မှုတ်ဆေးဖြင့် ရေးသားသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁၃)ရပ်ကွက်၊ ဘုရားလမ်းရှိ ရွှေဆံတော်ဘုရားလမ်းမပေါ်၌ အမျိုးသား ၃ ဦးက မှုတ်ဆေးဗူးဖြင့် နိုင်ငံတော်ဆန့်ကျင်စာသားများ ရေးသားနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသား ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး (၂)ရပ်ကွက်နေ မိုးခန့်ဇော် (ခ) ကိုဖြိုး (၂၅)နှစ် (ဘ)ဦးညွန့်ဝင်းအား ဆန့်ကျင်စာသားပါ စတေကာစာရွက် ၁၄ ရွက်၊ မှုတ်ဆေးဗူး ၁ ဗူး၊ ကပ်ကြေး ၁ ချောင်း၊ တိပ်ခွေ ၁ ခု၊ ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။