နေပြည်တော်၊ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းခွဲအား အကြမ်းဖက်သူ များမှ မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ပြည်မြို့၊ သဲကုန်းအုပ်စု၊ လက်ပံလှ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ရုံးခန်းအား အကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား များက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းရုံးခန်း အတွင်းရှိ စာရေးစားပွဲခုံနှင့် စာရေးကိရိယာဟောင်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိခဲ့သည်။
ဖြစ်စဉ်တွင် ကျောင်းရုံးခန်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီး ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။