ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအား ဆင်ခြင်တုံတရားမဲ့စွာ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသူများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် -၃

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG နှင့် CRPH အဖွဲ့တို့၏ ကြိုးကိုင်ဆောင်ရွက်နေမှု၊ ပံ့ပိုးမှုတို့ဖြင့် ဆူပူအကြမ်းဖက်သမားများက မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံ တရားမဲ့စွာဖြင့် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းအား ဇွန် ၂ ရက် နေ့လယ်ပိုင်းတွင် အကြမ်း ဖက်သူ ၂ ဦးက မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများနှင့် ပူးပေါင်းကာ အပူတပြင်း ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။

ယခုကဲ့သို့ နိုင်ငံတော်၏ မျိုးဆက်သစ်ပညာရှင်များဖြစ်ပေါ်လာရေးကို မလိုလားသော အသိဉာဏ်မရှိသူများ၊ တိုက်တွန်းနှိုးဆော်နေသည့် အဖွဲ့အစည်း များနှင့် ငွေကြေးထောက်ပံ့သူများအား မိဘပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းရှုံချ ကန့်ကွက်ခြင်း၊ သတင်းရရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဖမ်းဆီးခြင်းများဖြင့် စာသင်ကျောင်းများ၊ အုပ်ချုပ်မှုရုံးများကို ဖျက်ဆီး နှောင့်ယှက်နေသည့် အကြမ်းဖက်သမားများကို ပြေးစရာမြေမရှိသည်အထိ ဆန့်ကျင်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။