ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်တွင် အေးချမ်းစွာနေထိုင်သည့် ပြည်သူတစ်ဦးအား ဆူပူ အကြမ်းဖက်သူလူတစ်စုက ဝိုင်းဝန်းရိုက်နှက်

 

ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်တွင် အေးချမ်းစွာနေထိုင်သည့် ပြည်သူတစ်ဦးအား ဆူပူ အကြမ်းဖက်သူလူတစ်စုက ဝိုင်းဝန်းရိုက်နှက်

နေပြည်တော်၊ မတ် - ၂၇
    
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၁) ရပ်၊ (၁၀)လမ်းတွင် နေထိုင်သည့် ရာအိမ်မှူးဖြစ်သူ ဦးဟန်ထွန်းနိုင်(ဘ)ဦးဝင်းနိုင် အား မတ် ၂၃ ရက် ည ၁၀ နာရီခန့်တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
    
ဖြစ်စဉ်မှာ ဦးဟန်ထွန်းနိုင် သည် တစ်ရပ်ကွက်တည်းနေ ဦးသိန်းဝင်း ၏ နေအိမ်သို့ မတ် ၂၃ ရက် ည ၉ နာရီခန့်တွင် (၁၀)လမ်းအတိုင်းသွားရောက်ခဲ့ပြီး ၎င်းင်း၏ နေအိမ်သို့ ပြန်လာစဉ် (၁၀)လမ်းနှင့် စကားဝါလမ်းထောင့်အရောက်တွင် ဆူပူအကြမ်းဖက်သူ ၂၀ ဦးခန့်က  ဆိုင်ကယ် ၁၀ စီးဖြင့် ရောက်ရှိလာကာ ၎င်းင်းအား (၉)လမ်းနှင့် ဈေးဘက်သို့ ခေါ်ဆောင်သွား ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းပေးဟုပြောဆို၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရှိရသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ ဦးဟန်ထွန်းနိုင် တွင် ဝဲ^ယာဘက် နားရွက် ပြတ်ရှဒဏ်ရာ၊ ယာဘက်ပုခုံးဖူးရောင်ဒဏ်ရာ၊ ကျောကုန်းပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် ည ၁၀ နာရီခွဲတွင် နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
    
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် ဦးဆောင် သူများနှင့် ပါဝင်ပတ်သက်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မတ် ၂၄ ရက် နံနက် ၁ နာရီခန့်တွင်  အားမာန်သစ်ကားဝပ်ရှော့တွင် ပုန်းခိုနေသည့် ရန်နိုင်စိုး(ဘ) ဦးကျော်ဆန်းဦးနှင့် ဆန်းမင်း(ဘ)ဦးစိုး တို့အား ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။