ပျော်ဘွယ်ဘူတာနှင့် ရှမ်းရွာဘူတာအကြားရှိ ရထားသံလမ်း မူလီများအား ဆူပူ အကြမ်းဖက်သူများက ဖျက်ဆီး

နေပြည်တော်၊ ဧပြီ - ၃
    
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်စု၊ ညောင်လှကျေးရွာအနီး ပျော်ဘွယ်ဘူတာနှင့် ရှမ်းရွာဘူတာအကြားရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မီးရထားသံလမ်းမူလီများ ဖြုတ်ထားကြောင်း တာဝန်သိပြည်သူတစ်ဦးက သတင်းပေးပို့ခဲ့သဖြင့် ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရထားလမ်း၊ မိုင်တိုင် အမှတ်၊ ၂၈၉/၅ ၊ ၂၈၉/၆ အကြားတွင် ရန်ကုန်-မန္တလေး အစုန်လမ်းပိုင်း အရှည် တစ်ပေခွဲခန့်ရှိ သံလမ်းဆက် ဂွိူင်းဆက် ပတ္တာမူလီများချောင်းအား ဖြုတ်၍ ရထား လမ်းနှင့် ပေတစ်ရာခန့်အကွာရှိ ကန္တာရအပင်များအကြားတွင်  လွှင့်ပစ်ထားသည်ကို တွေ့ရှိရသဖြင့် မီးရထားသံလမ်းစစ်မှ ပြန်လည်တပ်ဆင်ပေးခဲ့ သည်။
    
ထိုသို့ အများပြည်သူများ၏ အသက်အန္တရာယ်ဖြစ်ပွားစေနိုင်သည်အထိ  ဆောင်ရွက်ခဲ့သော အကြမ်းဖက်သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အမြန်ဆုံးစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း  သတင်းရရှိသည်။