ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော တပ်မတော်သားများ၊ တိုင်းရင်းသားပြည်သူများ၏ သွေးလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် သံဃာတော်များ နှင့် ဒေသခံပြည်သူများက အဆိုပါဆေးရုံ၌ စုပေါင်း သွေးလှူဒါန်းကြသည်။

 ဦးစွာ ကျန်းမာရေးဝန်ထမ်းများက သွေးလှူရှင်များအား သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သံဃာတော် ၈၉ ပါးနှင့် ဒေသခံ ပြည်သူသွေးအလှူရှင် ၂၈၅ ဦးတို့က သတ်မှတ်နေရာ အသီးသီး၌ စုပေါင်း သွေးလှူဒါန်းကြသည်။

ထိုသို့ သွေးလှူဒါန်းနေမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ သွေးအလှူရှင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဒေသခံ ပြည်သူများအား နေ့လည်စာ ကျွေးမွေးကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။