ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 နေပြည်တော်  ဧပြီ   ၂၅

          ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။      

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အောင်ချမ်းသာကျောင်းတိုက်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာစာသင်တိုက်တို့သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မြို့မဝေဠုဝန်စာသင်တိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဗောဓိပက္ခိယဒီပနီကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့်  နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ် တပ်ဖွဲ့/ဦးစီးဌာန ဝန်ထမ်းမိသားစုများက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။