ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာဝတ်ပြုကြည်ညိုလျက်ရှိ

နေပြည်တော်  မေ  ၇

COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလများအတွင်း ဘုရားပုထိုးစေတီများနှင့် အခြားဘာ သာဝင်များ၏ ဘာသာရေးကျောင်းများအား ခေတ္တပိတ် ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ ပြန်လည် ဖွင့်လှစ် ခွင့်ပြုခဲ့ပါသည်။ ယင်းကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့ တွင်လည်း ဗုဒ္ဓဘာသာ ဘုရား၊  စေတီ၊ ကျောင်း ကန်များ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များ၏ ဘာသာအလိုက် ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင် သက်ဆိုင်ရာ ဘာသာဝင်များကလာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြု ဆုတောင်းမှုများ   ဆောင်ရွက်လျက်ရှိကြ သည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအဝင် အခြားမြို့ကြီးများတွင် ပန်းခြံများ၊ ကစား ကွင်းများ ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးလျက် ရှိသည့်အပြင် ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော် ယာဉ်လိုင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။        

(၁၀၀)