ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်၊ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်၊ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၈
    
 နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများကို ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ COVID-19  စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဖူးမြော်ခွင့်ပြုပေးသွားမည်ဖြစ်ရာ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာပွားများနိုင်ရေးနှင့် ဘုရားစေတီ ပုထိုးများ၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ မိုးညှင်းမြို့၊ မိုးကောင်းမြို့၊ ဗန်းမော်မြို့၊ မြို့သစ်မြို့၊ ပူတာအိုမြို့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့နှင့် မိုင်းတုံမြို့၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ တိုက်ကြီး မြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီပုထိုးများ၌  ဘုရားရင်ပြင်တော်များ၊ ကျောင်းဆောင် အဆောက် အဦများ၊ ဝင်လမ်း၊ ထွက်လမ်းနေရာများနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးသည်။
    
ထို့ပြင် တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ၌ ကောင်းမှုကုသိုလ်အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်းရွတ်ဖိတ်ပူဇော်ခြင်းများကို ဆောင်ရွက်ကြရာ ယနေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များက သက်ဆိုင်ရာ ဘုရားစေတီပုထိုးများ၌ အန္တရာယ်ကင်း၊ ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။
    
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ စေတီတော်များ၌ ပန်း၊ ရေချမ်း၊ ဆီမီများ ကပ်လှူပူဇော်ပြီး စေတီတော်ဂေါပကအဖွဲ့များထံသို့ အလှူငွေများ ပေးအပ်ကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။