ပြည်နယ်အဆင့်(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့် ပညာအဆင့်) ဖွင့်ပွဲပြုလုပ်

ပြည်နယ်အဆင့်(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့် ပညာအဆင့်) ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁

ပြည်နယ်အဆင့်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ်ရှိ ဘက်စုံခန်းမ၌ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ် ပါမောက္ခချုပ် နှင့် ဆရာ၊ ဆရာမများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ်အဆင့်(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက တက္ကသိုလ်မှ ဆရာမနှင့် ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများနှင့် ပြိုင်ပွဲအမျိုးအစား အလိုက် ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။