ပြည်ပမှပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19 ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်   မတ်   ၂၄

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့်  မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိဒေသခံပြည်သူများအား   COVID-19 ရောဂါနှင့် ပတ်သက်၍    လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသဖြင့်   မော်လမြိုင်မြို့ရှိ  တက္ကသိုလ်  (၁ဝ)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။

ထိုသို့ Quarantine ထားရှိသည့်  ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူ ၁၄ဝ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက  မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍  နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူခြင်း၊ RDT  နည်းဖြင့် စစ်ဆေးခြင်းများကို   ဆက်လက် ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။