ပြည်ပမှပြန်လည် ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

 

ပြည်ပမှပြန်လည် ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် မေ  ၁၄

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19ရောဂါနှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁ဝ)မြို့နယ်အဆောင်၌    Quarantine ထားရှိခဲ့သည်။

ထိုသို့  Quarantine ထားရှိသည့် ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူ ၇၄ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်ဆေးရုံမှဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT   နည်းဖြင့်   စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ဆောင်ရွက်ပေးလျက်ရှိရာ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ယနေ့အထိ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၆၈၅၈ ဦးအား စစ်ဆေးပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။