ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆးအဖွဲ့က COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၃

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။

ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၃၇ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချဒပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။