ပြည်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၌် စုပေါင်းသွေးလှူဒါန်း

ပြည်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၌် စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၉

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့်ကာလအတွင်း ပြည်သူ့ဆေးရုံများရှိ သွေးလှူဘဏ်များ၌ သွေးမျိုးစုံလိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် သံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းသွေးလှူဒါန်း  ပေးလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ အထွေထွေ ရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)အတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊  ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်များနှင့် အစားခန့်ဝန်ထမ်းစုစုပေါင်း ၇၂ ဦးတို့က အဆိုပါဆေးရုံကြီးသို့ သွားရောက်၍ သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။
    
ယင်းသို့ သွေးလှူဒါန်းနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။