ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝတိုးတက်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝတိုးတက်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၃၀

        ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃)ကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်ယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာ စကားပြောကြားရာတွင် ယခုအစည်းအဝေးသည် အစိုးရသစ်၏ ပထမဆုံးအစည်း အဝေးဟု ဆိုနိုင်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်မှာ နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ တွင်  နိုင်ငံတိုးတက်အောင်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်အောင်ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်ရန်၊ ပညာရေးကောင်းမွန်ရန် နှင့် အလုပ်အကိုင်များရရှိပြီး လူတိုင်းဝင်ငွေရရှိအောင်၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင် အောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တစ်ဦးချင်း ၏လူမှုစီးပွားဘဝများတိုးတက် မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူတစ်ဦး ချင်း၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ဦးတည်ချက်ထား ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ရည်ရွယ်ချက်များချ မှတ်၍ ဆောင်ရွက်ရန်လိုကြောင်း။

ဆင်းရဲမွဲတေမှုများ လျှော့ချရေးကို ဒီမိုကရေစီအစိုးရပထမသက်တမ်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းရဲမွဲတေမှုလျှော့ချ၍ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအားဖြင့် ပညာရည်မြင့်မားနေရန်လိုကြောင်း၊ ယေဘုယျအားဖြင့် မြို့ပေါ်နေပြည်သူအများစုမှာ အတန်းပညာတတ် မြောက်မှုမြင့်မားပြီး ကျေးလက် ဒေသနှင့် အစွန်အဖျား နေရာများရှိပြည်သူများ၏ အတန်းပညာတတ်မြောက်မှုမှာ နည်းပါးနေသေးကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများရှိ ပြည်သူများအတန်းပညာ တတ်မြောက်မှုမြင့်မားလာစေရေး ရည်ရွယ်ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်က တစ်နိုင်ငံလုံး စာမတတ်မြောက် သူပပျောက်ရေးအတွက် “အ” သုံးလုံးသင်တန်းများကို ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ယခုအခါတွင်လည်း ကျေးလက် ဒေသနေပြည်သူများနှင့် အစွန်အဖျားဒေသများရှိ ပြည်သူများ အားလုံးစာတတ်မြောက် ရေးအတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘာသာစကား အခက်အခဲများ ရှိနိုင် သည်ဖြစ်သော်လည်း အခြေခံမှတစ်ဆင့် စာတတ်မြောက်ရေးကို ဆောင်ရွက်သွား ရန်လိုကြောင်း၊ စာတတ်အောင်ပြုလုပ်ပြီးမှ အတန်းပညာမြင့်မားရေးကို ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့်စီးပွားရေးမှ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး၌ လူမှုရေးတွင် ပညာရေးနှင့် ကျန်းမာရေး ပါဝင်ကြောင်း၊ ထို့ကြောင့် ပြည်သူများပညာရည်တိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ ပြည်သူများအားလုံး ကျန်းမာရေး ကောင်းမွန်နေစေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့ဖြစ်၍ ကုန် ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ဝင်ငွေရသည့်စီးပွားရေးလုပ်ငန်းအောင်မြင်မှသာ စားသောက်နေထိုင်ရေး အတွက် သုံးစွဲနိုင်ပြီး ကျန်းမာရေးအတွက် ကိုယ်ခံစွမ်းအားများ ကောင်းမွန်စေမည်ဖြစ် ကြောင်း၊  စီးပွားရေးကိုဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံတစ်ဝန်းလုံး၌ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်း များကိုဆောင်ရွက်ကြခြင်း ဖြစ်သဖြင့် နိုင်ငံအတွက်လက်တွေ့ကျသည့် စိုက်ပျိုး မွေးမြူရေးအခြေခံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင် ရွက်ရန်လို ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းများတိုးတက်စေရေး နှစ်အလိုက်အဆင့်ဆင့် ဆောင်ရွက်သွား မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး ခေတ်နှင့်လျော်ညီသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုစီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်ရန်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်နှင့် လျော်ညီသည့်စက်မှု လုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ် ငန်းတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ကိုဆောင်ရွက်သွားရန်လိုကြောင်း၊ ၎င်းမှတစ်ဆင့် နည်းပညာနှင့် စက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)  လုပ်ငန်းများကို မဖြစ်မ နေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို နည်းပညာများနှင့် ပေါင်းစပ် ထုတ်လုပ်သွားမည်ဆိုပါက တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် မိမိတို့နိုင်ငံစီးပွားရေးလုပ်ငန်းများတွင် အခြေခံအကျဆုံး လုပ်ငန်းများ ဖြစ်သဖြင့် ကုန်ကြမ်းသေချာသည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော MSME လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ပြည်နယ်အစွန်အဖျားပါမကျန် နိုင်ငံ တစ်ဝန်းအကြားအလပ်မရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေများတိုးတက်ကာ ပြည်သူများ၏ စီးပွားရေးများ ကောင်းမွန်လာမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့်ကျန်းမာရေးနှင့်  စားသောက်နေထိုင်ရေးတို့ကိုမြှင့်တင် လာနိုင်မည်ဖြစ် ကြောင်း။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများရှိ ပြီး ပန်းတိုင်ရည်မှန်းချက်များရှိပြီးဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများအလိုက် ရည်မှန်း ချက်များ အတိုင်းပြည့်မီအောင် ထုတ်လုပ်နိုင်ရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ရည်မှန်းချက်များအတိုင်း အပြည့် အဝဆောင်ရွက်နိုင်ရေး သက်ဆိုင်ဝန်ကြီးဌာနများအလိုက် ကြိုးပမ်းဆောင်ရွက်ရန်လို ကြောင်း၊ ယခင်ကအကြောင်းအမျိုးမျိုးကြောင့် လျှော့ချရပ်ဆိုင်းခဲ့ရသည့် စက်ရုံအလုပ် ရုံများ ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စက်ရုံများရှိလက်ရှိစက်စွမ်းအားများအပေါ်မူတည်၍ ထုတ်လုပ်မှု များကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ပုဂ္ဂလိက ကုန်ထုတ်လုပ်မှုများ ကိုလည်း စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက် ရန်လိုပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင် ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများကိုထုတ်လုပ်နိုင်မည်ကြောင်း၊ ထိုသို့ဆောင် ရွက်နိုင်ရန်အတွက် စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်းပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းများတိုးတက်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးတက် အောင်ဆောင် ရွက်ပြီး ပြည်တွင်း လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် တစ်ကမ္ဘာ လုံးအတိုင်းအတာဖြင့် လိုအပ်ချက်ရှိသဖြင့် ဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ တစ်ဆက် တည်း သီးထပ်စွမ်းအားကိုလည်း မြှင့်တင်ရန်လိုအပ်ကြောင်း၊  စိုက်ပျိုးမွေးမြူရေးလုပ် ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအားလုံးအနေဖြင့် လုပ်ငန်းများ အောင်မြင်စေရေး စနစ်တကျဖြင့် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း။

စာရင်းဇယားများ တိကျမှန်ကန်ရေးအလေးထားဆောင်ရွက်

လုပ်ငန်းများဆောင်ရွက်ရာတွင် မှားယွင်းမှုများ အနည်းဆုံးဖြစ်စေရေး တိတိကျ ကျဖြင့် ဆောင်ရွက်ရန်နှင့် စာရင်းဇယားများ မှန်ကန်မှုများရှိစေရေးကိုလည်း စနစ် တကျ ဆောင်ရွက်ရန်လိုကြောင်း၊ စာရင်းဇယားများ မှန်ကန်မှုရှိမှသာ လုပ်ငန်းများကို ထိရောက် အောင်မြင်စွာဖြင့် အကောင်အထည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တင်ပြသည့် စာရင်းဇယားအချက် အလက် များသည် မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံး မှန်ကန်မှုရှိမှသာလျင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို သုံးသပ်သိရှိနိုင်မည်ဖြစ်ပြီး သုံးသပ်မှုမှန်ကန်မှသာလျှင် မှန်ကန်သည့် ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အားလုံးမှ အလေးထားစဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးတွင်းကာလအတွင်း လမ်းများပျက်စီးမှုများရှိခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်  ပြန်လည်ပြင် ဆင်နိုင်ရေး ကြိုတင်ပြင်ဆင်ရန်လိုကြောင်း၊ မည်သည့်လမ်းအမျိုးအစား ဖြစ်စေ ပွင့်လင်းကာလအတွင်း ခရီးသွားပြည်သူများ ချောချောမွေ့မွေ့ဖြင့် သွားလာနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုလုပ်ငန်းများဖြစ်အောင်ဆောင်ရွက်ရန်လို

စီးပွားရေးနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကိုသာမက ဝန်ဆောင် မှုလုပ်ငန်းများကိုလည်းဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါဝန်ဆောင်မှုလုပ်ငန်းတွင် ခရီးသွားလုပ်ငန်းလည်းပါဝင်ကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပခရီးသွားများများ ပြားလာပြီဖြစ်ကြောင်း၊ ခရီးသွားများ များပြားလာမှုနှင့်အညီ ခရီးသွားလုပ်ငန်းများ အတွက်လိုအပ်သည့် တည်းခိုရေး၊ နေထိုင်စားသောက်ရေးနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများလည်း လည်ပတ်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ခရီးသွားလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံအတွက် အကျိုးရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက်လည်း စားသောက်နေထိုင်မှုများ သပ်ရပ်ကောင်းမွန်နေစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မီဒီယာကဏ္ဍမှလည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လူမှုကွန်ရက်များမှတစ် ဆင့်ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုများရှိစေရေး ဆောင်ရွက်ရန်လို ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်သွားရန်လိုကြောင်း၊ လာရောက်သည့် ခရီးသွားများအနေဖြင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းများကို မြင်တွေ့သွားနိုင်ရေးနှင့် ဝန်ဆောင်မှုများကို ရရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာရှိသည် ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မှတ်ကျောက်တင်ခံ နိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးစားအားထုတ် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

စဉ်ဆက်မပြတ်တာဝန်ထမ်းဆောင်နိုင်ရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန်လို

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  လုပ်ငန်း များအောင်မြင်စေရေး ဆောင်ရွက်ရာတွင် လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင်ရန် လည်းလိုကြောင်း၊ လုပ်ငန်းများ စဉ်ဆက်မပြတ်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ပညာတတ်လူသားအရင်းအမြစ်များကို စဉ်ဆက်မပြတ်မွေးထုတ် ပေးနေရန်လို ကြောင်း၊ အရာထမ်း အမှုထမ်းများ ခန့်အပ်တာဝန်ပေးရာတွင်လည်း အဆင့်အလိုက် လုပ်ငန်းအတွေ့အကြုံများအပေါ်မူတည်၍ ရာထူးတာဝန်များ ပေးအပ်ထားခြင်းဖြစ် ပြီး ၎င်းတို့၏အရည်အသွေးများ တိုးတက်စေရေး အဆင့်လိုက်သင်တန်းများတက်ရောက် လေ့ကျင့်စေလျက်ရှိကြောင်း၊ သင်တန်းများစေလွှတ်ရာတွင် ပြည်တွင်းသင်တန်း များကိုသာမက ပြည်ပသင်တန်းများကိုလည်းစေလွှတ်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ နောင်မျိုးဆက် သစ်လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက်လည်း ရည်မှန်း ဆောင်ရွက် သွားရန်လိုကြောင်း။

ဌာနအလိုက် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအားလုံးကို ကျွမ်းကျင်နားလည်နေရန်နှင့် တိတိကျကျလိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထားပြီး စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများကလည်း ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဌာနအပေါ် စေတနာထားရန်နှင့် မိမိတို့နိုင်ငံအပေါ် စေတနာထားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ယင်းသည်နိုင်ငံကောင်း အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။

အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုကိုမထိခိုက်စေရေး ကြပ်မတ် ဆောင်ရွက်

 INGO နှင့် NGO  အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့် အညီလုပ် ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်နေရန်လိုကြောင်း၊ အချို့သောပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့်မျှဝေ ဆောင်ရွက်ခြင်းဖြစ်ပြီး၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့ အစည်း၊ နိုင်ငံများကအသုံးချနေမှုများရှိကြောင်း၊ နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှု များ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေရေးအတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင် ရွက်သွားရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အောင်မြင်မှုရှိစေရေး၊ တိုင်းပြည်ကောင်းစေရေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်းဖြင့်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။