ပြည်သူတစ်ဦးအား သတင်းပေးဟုဆိုကာ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်သူများကို ဖမ်းဆီး

နေပြည်တော်၊ ဧပြီ - ၄

          တနင်္သာရီတိုင်းဒေသကြီး၊ မြိုတ်မြိုံ့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာ ရပ်၊ အောင်ဆန်း(၁)လမ်းတွင် နေထိုင်သော ရဲတပ်သားတစ်ဦး၏ဖခင်ဖြစ်သည့် ဦးမြင့်ဆွေ(စစ်မှုထမ်းဟောင်း)အား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းပေးဟုဆိုကာ တစ်ရပ်ကွက်တည်းနေ ဦးအောင်သန်း အပါအဝင် ဆူပူအကြမ်းဖက်သူအင်အား ၃၀ ဦးခန့် က ၎င်း၏နေအိမ်သို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ရောက်ရှိလာသဖြင့် ယနေ့နံနက် ၁၀ နာရီခန့်တွင် မြိတ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များက သွားရောက်လူစုခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများထဲမှ အောင်သန်း၊ ဇာနည်၊ မြင့်ဆွေ၊ ခင်ကြူ(ခ)ခင်ငယ် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။

            အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား မြိတ်မြို့မ ရဲစခန်းတွင် (ပ)၁၂၃/၂၀၂၁ ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ၁၄၃/၅၀၅-က ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။