ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့်စေတနာ့ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်
နေပြည်တော်၊ နိုဝင်ဘာ- ၃
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထို့သို့ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင် ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများ က သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။