ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ် 

 

ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ် 

နေပြည်တော်၊ မတ် - ၂၆ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ဝမ်ဟတ်ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များနှင့် နားရိုင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ခိုလမ်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။