ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အဖွဲ့အစည်း(Volunteer)များ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်

ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အဖွဲ့အစည်း(Volunteer)များ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၇

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှု ကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့်အဖွဲ့ဝင်များက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ လူမှုရေး အဖွဲ့အစည်း (Volunteer)များအတွက် ဆန်၊ ဆီ၊ ပဲနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။