ပြိုင်ပွဲတစ်ခုချင်းစီမှရရှိသည့် အတွေ့အကြုံများကို သင်ခန်းစာအဖြစ် မှတ်သားထားဟု သက်ထားသူဇာဆို

မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ၏ လတ်တလော လှုပ်ရှားမှု များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။  

Stay at Home ကာလမှာ လေ့ကျင့်မှုတွေ ဘယ်လိုလုပ်ဖြစ်နေလဲ။

COVID-19 ရောဂါစဖြစ်တဲ့ မတ်လလောက်ကတည်းက နေပြည်တော်ကို ပြောင်းလာနေပြီး ပုံမှန် အတိုင်း Training တွေ ဆက်လုပ်ဖြစ်နေပါတယ်။ ရန်ကုန်ကွင်းတွေက ပိတ်ထားတာနဲ့ နေပြည်တော်မှာ လေ့ကျင့်ရတာ ပိုပြီးအဆင်ပြေတာကြောင့် ပြောင်းလာနေဖြစ်တာပါ။ Training တွေကတော့   မပျက်မကွက် ဆက်လုပ်နေပါတယ်။

ပရိသတ်တွေရဲ့  အားပေးမှုအများဆုံးရရှိတဲ့ သူတစ်ယောက်အနေနဲ့ ခံစားချက်လေးပြောပြပေးပါဦး။

အားပေးတဲ့ပရိသတ်တွေရှိတာကို ဝမ်းသာပြီးတော့ ပြိုင်ပွဲတွေမှာလည်း ပိုပြီး အားတက်ရပါတယ်။ ပရိသတ်အတွက်ရော ကိုယ့်နိုင်ငံအတွက်ပါ ဆုတွေရအောင် ကြိုးစားပြီးယှဉ်ပြိုင်ဖို့ စိတ်ခွန်အား ဖြစ်စေပါတယ်။ ကြက်တောင်အားကစားပဲ မဟုတ်ပါဘူး။ တခြားအားကစားကဏ္ဍတွေမှာလည်း ထူးချွန်တဲ့ အားကစားသမားတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ ကဏ္ဍ အသီးသီးမှာ ပါဝင်ကြိုးစားနေကြပါတယ်။

COVID-19 ရောဂါကာလအလွန်မှာ နိုင်ငံတကာပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ရှိလား။

COVID-19 ရောဂါအပြီး ပြိုင်ပွဲတွေ စရှိလာတာနဲ့ ပြိုင်ပွဲပြန်ဝင်ဖြစ်အောင်လုပ်မှာပါ။ လက်ရှိမှာ COVID-19 ရောဂါအခြေအနေတွေကြောင့် အကုန်နားထားတော့ဘယ်ပွဲတွေ ဘယ်တော့ပြန်စမယ်ဆို တာ မပြောနိုင်သေးဘူးဖြစ်နေတယ်။

လက်ရှိကစားခဲ့သမျှ ပြိုင်ပွဲတွေထဲမှာ ကိုယ့်အတွက် အမှတ်တရအဖြစ်ဆုံးပွဲရှိရင် ပြောပြပါဦး။

ပြိုင်ပွဲတိုင်းကတော့ မတူညီတဲ့ အမှတ်တရတွေနဲ့ အတွေ့အကြုံတွေရှိကြပါတယ်။ တစ်ခုစီကနေရတဲ့ အတွေ့အကြုံတွေနဲ့ အဖြစ်အပျက်တွေကို နောက်ထပ်ကြုံလာမယ့်ပွဲတွေအတွက် သင်ခန်းစာလိုပဲ သဘောထားပြီး အမြဲမှတ်ထားဖြစ်ပါတယ်။

ကြက်တောင်အားကစားကို ဝါသနာပါတဲ့ ကစားသမားအသစ်တွေအတွက် အကြံပြုစကား ပြောပေး ပါဦး။ ကြက်တောင်မှာမှမဟုတ်ပါဘူး။ တခြား ဘယ်အားကစားမှာမဆို ဝါသနာက အရင်းခံပေမယ့် ဝါသနာကို ရူးသွပ်မှုလေးပါထည့်ပြီး လုပ်ဆောင်ရင် ပိုပြီးထိရောက်တယ်။ ရှေ့ကိုရောက်နိုင်တယ်လို့  ထင်ပါတယ်။ တကယ်ကို စွဲစွဲမြဲမြဲရည်မှန်းချက်ထားပြီး လုပ်ဆောင်နေကြတဲ့သူအားလုံးကို ဘယ်လို အခက်အခဲပဲရှိရှိ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အားမလျှော့ဘဲသွားကြဖို့ ပြောချင်ပါတယ်။ ရှေ့အနာ ဂတ် ဘယ်လိုဖြစ်မယ်ဆိုတာ မသေချာပေမယ့် ကိုယ့်ဘက်ကတော့ ပြင်ဆင်လေ့ကျင့်စရာ ရှိတာ တွေကို အကောင်းဆုံးပြင်ဆင်ထားရင် အရာအားလုံး ပုံမှန်ဖြစ်တဲ့အခါ ကိုယ့်ဘက်က အဆင်သင့်ဖြစ် နေမှာပါ။                               

ကိုရဲ