ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်၌ လျှပ်စစ်မီးဖိုအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
နေပြည်တော် ၊ ဇန်နဝါရီ - ၁၂
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်နေ ဒေါ်မန်းလှယ်ဇိန်း(ဘ) ဦးနိုးဇန် ၏နေအိမ်၌ ယနေ့နံနက် ၄ နာရီ ၁၀ မိနစ်ခန့်တွင် လျှပ်စစ်မီးဖိုအပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၆ စီးတို့ဖြင့် စုပေါင်းငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၆ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေါ်မန်းလှယ်ဇိန်း နှင့် သမီးဖြစ်သူ ဒေါ်ရဇိန်း တို့ ၂ ဦးတွင် မီးလောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။