လန်ဒန်၊ ဘောလုံး
ဖူလ်ဟမ်အသင်းကို ပွဲစပြီး ၂၅မိနစ်တွင် ဂိုးပေးခဲ့ရပြီး ဆာလက်ချ်၏ နောက်ကျပယ်နယ်တီ ချေပဂိုးကြောင့် သာ တစ်ဂိုးစီသရေ ကျခဲ့ရသော ပရီးမီးယားလိဂ် ပွဲပြီးနောက် လီဗာပူး နည်းပြ ဂျာဂန်ကလော့က မိမိအသင်း ကစား သမား များ၏ ခြေစွမ်းပိုင်းနှင့် ပတ်သက်၍ ပွဲစပြီးနာရီဝက်အတွင်း ဆိုးရွားစွာကစားခဲ့ခြင်းအတွက် စိတ် ပျက်မိ ကြောင်းနှင့် အားလုံးနိုးထကြရ မည်ဖြစ်ကြောင်း ဒေါသတကြီးပြောသည်။
ကလော့က ''ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး။ ကျွန်တော် စာအုပ်တစ်အုပ်ကို မဖတ်နိုင်ဘူး။ ဒီစာအုပ်ကို ကွင်းထဲပစ်ထည့်ပြီး မင်းတို့ ဖတ်ကြလို့ပဲပြောလို့ရမယ်။ ဒီပွဲကနေ လှုပ်နှိုးတာမျိုးလိုချင်တယ်။ ပွဲတစ်ပွဲမှာ တာထွက်လှတာက တကယ်ကောင်းတယ်။ တာထွက်မလှရင် ပြန်လှအောင် ထပ်ကြိုးစားရတယ်။ ဒီလိုဖြစ် လာဖို့ နာရီဝက်လောက် ကြာတဲ့အတွက် ကျွန်တော် အသံတော်တော်ကျယ်ကျယ် နဲ့အော်ခဲ့ရတာပါ။ နာရီဝက်နောက်ပိုင်း ကောင်းလာတယ်။ ဒုတိယပိုင်းက ကစားပုံကောင်းတယ်။ ဟန်ဒါဆန်ရဲ့ ကန်ချက်က ဂိုးရ သင့်တဲ့ အခွင့်အရေး ပါ။ ကျန်တဲ့မိနစ် ၆ဝမှာ ကစားပုံ ကောင်းသွားလို့ ကံကောင်းပြီး မရှုံးခဲ့တာပါ'' ဟု ပြောသည်။
ပြီးခဲ့သည့်ကြားရက်က ချန်ပီယံလိဂ်ပွဲနှင့် ယူရိုပါလိဂ်ပွဲများ ကစားခဲ့ရ သည့် ချယ်လ်ဆီး၊ လီဗာပူး၊ မန်စီးတီး၊ မန်ယူနှင့် စပါးအသင်း အားလုံး ယခု သီတင်းပတ်ကုန်တွင် နိုင်ပွဲများမရ၍ ပွဲဆက်များလွန်းခြင်း ဒဏ်ကို မိမိတို့ အပါအဝင် အသင်းတိုင်း ခံစား နေရကြောင်း ကလော့ကပြောသည်။