ဖျာပုံမြို့၊ မြို့မဈေးရုံ မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေး(နှစ်ထပ်ဈေးရုံအပေါ်ထပ်)ရှိ ဆိုင်ခန်းအမှတ်(၂၆) စာရေးကိရိယာဆိုင်မှ ဝါယာလျော့ဖြစ်၍ ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်များအား ထိခိုက်မှု မရှိဘဲ ဈေးဆိုင်ခန်းပေါင်း ၈၆၁ ခန်းရှိသည့်အနက်မှ ၂၁၃ ခန်းခန့်အား မီးလောင်းပျက်စီးခဲ့ပြီး ကာလတန်ဖိုး ငွေကျပ် ၄၁၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ မီးလောင်မှုကြောင့် ပျက်စီးသွားသော ဈေးဆိုင်ခန်းနေရာများအား ဖေဖော်ဝါရီ ၂၁ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးလောင်ကျွမ်းသည့်နေရာအား သန့်ရှင်းရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။