ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Asean+ Police Music Festival သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲတီးဝိုင်းနှင့်ဖျော်ဖြေရေးဌာနခွဲမှ သွားရောက်ဖျော်ဖြေခဲ့

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Asean+ Police Music Festival သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲတီးဝိုင်းနှင့်ဖျော်ဖြေရေးဌာနခွဲမှ သွားရောက်ဖျော်ဖြေခဲ့

 
( နေပြည်တော်၊ ဇူလိုင် ၁၃ )

 
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်သော Asean+ Police Music Festival သို့ သွားရောက်ဖျော်ဖြေရန် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်း ဦးစီးဖျော်ဖြေရေးအဖွဲ့ ၃၆ ဦးသည် ၇-၇-၂၀၂၂ ရက်နေ့ နံနက် ၇ နာရီတွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင်ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
၈-၇-၂၀၂၂ ရက်နေ့ နံနက် ၈ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲတီးဝိုင်းနှင့်ဖျော်ဖြေရေး အဖွဲ့သည် ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန် တို့နှင့်အတူ Outdoor Concert တွင် ဖျော်ဖြေမည့် Rice Drums နှင့် People’s Public Security March သီချင်း ၂ ပုဒ်အား စုပေါင်း တီးမှုတ် လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး ယင်းနေ့ နေ့လည် ၂ နာရီတွင် ဟနွိုင်းမြို့ Thang Long Opera Hotel ၌ တက်‌ရောက်လာသော နိုင်ငံအသီးသီးမှ ရဲတီးဝိုင်းတာဝန်ခံကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် Ly Thai To ရင်ပြင်၌ ဖွင့်ပွဲအခမ်းအနားနှင့် လမ်းလျောက်ချီတက် ဖျော်ဖြေမှုအစမ်းလေ့ကျင့်ခြင်းအား တက်ရောက်လာသောနိုင်ငံများအလိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ ပါသည်။
၉-၇-၂၀၂၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ King Ly Thai To ရုပ်တုရှေ့တွင် ကျင်းပပြုလုပ်သော Asean+ Police Music Festival ဖွင့်ပွဲအခမ်းအနားနှင့် ဗီယက်နမ်နိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့၏ နှစ်(၆၀)ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ အိမ်ရှင်ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်နှင့် ဂျပန်တို့မှ ရဲတပ်ဖွဲ့တီးဝိုင်းများနှင့်အတူ တက်ရောက်ခဲ့ပြီး Mini Concert ဖျော်ဖြေခြင်း၊ Hoan Kiem Lake (ဟုမ်းကီယမ်ရေကန်) ပတ်လမ်းတ‌လျှောက်ရှိ ပြည်သူလူထုအား ချီတက်ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၎င်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဟနွိုင်းမြို့၊ မီလီယာဟနွိုင်းဟော်တယ်၌ ဗီယက်နမ် ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံကျွေးမွေးသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပါဝင်သည့်နိုင်ငံများမှ ဖျော်ဖြေရေးအဖွဲ့ဝင်များအချင်းချင်း လက်ဆောင်ပစ္စည်းပေးအပ်ခြင်းများ ပြုလုပ်ခဲ့ ပါသည်။
၁၀-၇-၂၀၂၂ ရက်နေ့ နံနက် ၈ နာရီတွင် ဟနွိုင်းမြို့ King Ly Thai To ရင်ပြင်၌ Outdoor Concert အစမ်းလေ့ကျင့်တီးမှုတ်ခြင်းနှင့် ၎င်းနေ့ ည ၈ နာရီတွင် Outdoor Concert ဖျော်ဖြေပွဲ အခမ်းအနားအား တက်ရောက်လာသည့်နိုင်ငံများမှ အလှည့်ကျတီးမှုတ်ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါဖျော်ဖြေပွဲသို့ ဗီယက်နမ်နိုင်ငံ ဒုတိယသမ္မတ Mrs. Dang Thi Ngoc Thinh၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်ချုပ် To Lam နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ တက်ရောက်ချီးမြှင့်ခဲ့ပြီး ဗီယက်နမ်ပြည်သူလူထုတို့မှလည်း အားပေးကြည့်ရှုခဲ့ကြပါသည်။
၁၁-၇-၂၀၂၂ ရက်နေ့ ညနေ ၅ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်း ဦးစီးဖျော်ဖြေရေးအဖွဲ့ ၃၆ ဦးသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း အထူး လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာစံတော် ချိန် ၁၉၀၅ အချိန်တွင် ပြန်လည် ရောက်ရှိခဲ့ပါသည်။
အဆိုပါဖျော်ဖြေရေးတပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာချိန်နှင့် ဗီယက်နမ် နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲလေ့ကျင့်ရေးဌာနကြီးမှ ရဲလေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးချုပ် ခင်မောင်အေး၊ အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ဝင်းမင်းသိန်း၊ ရန်ကုန်တိုင်း‌ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် တာဝန်ရှိသူရဲအရာရှိကြီးများက လိုက်ပါပို့ဆောင်နှုတ်ဆက်ခြင်းနှင့် ပြန်လည် ကြိုဆိုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။