ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) မှ သံဃာတော်များအား ဘွဲ့တံဆိပ် တော်များ ဂုဏ်ပြုချီးမြှင့်ပူဇော်ခြင်းမင်္ဂလာပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ - ၁၁
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) မှ သံဃာတော်များအား မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဂုဏ်ပြုချီးမြှင့်ပူဇော်ခြင်းမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့ရှိ ဓမ္မဂမ္ဘီရသာသနာ့လှိုင်ဂူတော်ကြီး (စွမ်းတိန်းဂူ)၌၌ ပြုလုပ်ရာ မိုင်းလင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလ အမှူးပြုသော သံဃာတော်များကြွ ရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊YMBA အသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မိုင်းလင်းကျောင်းတိုက် ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး YMBA အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ ကျော်သူ က မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ပူဇော်ဆက်ကပ်ခြင်းနှင့်ပတ်သက်၍ လျှောက်ထား ရှင်းလင်းသည်။ ထို့နောက် တိုင်းမှူးက မိုင်းလင်းကျောင်းတိုက် ဆရာတော်အား မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ပူဇော်ဆက်ကပ်ပြီး ဆရာတော်ထံမှ သြဝါဒစကားခံယူကြ သည်။
ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဂုဏ်ပြုချီးမြှင့်ပူဇော်ခြင်းမင်္ဂလာကို တာချီလိတ် မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်၌ ဆက်လက်ပြုလုပ်ရာ တိုင်းမှူးက နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိ အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို သွားရောက်ဆက်ကပ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။