ဗြိတိန်၌ မြူထူလွန်းနေသောကြောင့် အာဆင်နယ်အသင်း တစ်ရက်နောက်ကျ၍ နော်ဝေမှ လန်ဒန်သို့ပြန်ခဲ့ရ

အာဆင်နယ်အသင်းသည်  နိုဝင်ဘာ ၂၆ ရက်ညက နော်ဝေသို့သွားပြီး မိုဒီအသင်းနှင့် ယူရိုပါလိဂ်ပွဲကစားခဲ့ရာ သုံးဂိုးပြတ်အနိုင်ရခဲ့ပြီး   ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

အာဆင်နယ်အသင်းသည်    မူလအစီအစဉ်အတိုင်း  ညတွင်းချင်း နော်ဝေမှ လန်ဒန်သို့ပြန်ရန်    လုပ်ဆောင်ခဲ့သော်လည်း ဗြိတိန်၌ မြူထူလွန်းနေသောကြောင့် လေယာဉ် ဆင်းသက်ရန်  အဆင်မပြေဖြစ်ခဲ့ပြီး လန်ဒန်၌ မဟုတ်ဘဲ တခြားလေယာဉ်ကွင်း၌ ဆင်းသက်ပါကလည်း လန်ဒန်သို့ပြန်လာရမည့် ခရီးကြောင့် နော်ဝေရှိ အသင်းတည်းခိုရာဟိုတယ်သို့ တစ်သင်းလုံး ပြန်သွားခဲ့ပြီး တစ်ညအိပ်ကာ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းလေယာဉ်ဖြင့် လန်ဒန်သို့ပြန်ခဲ့သည်။

အာဆင်နယ်အသင်းသည် မိုဒီနှင့်ပွဲတွင် အာဆင်နယ်အတွက် ပီပီ၊ ရစ်နယ်လ်ဆင်နှင့်  ဖိုလာရင်ဘာလိုဂန်တို့က  တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။