ဘာစီလိုနာအသင်းဘဏ္ဍာရေးအကျပ်အတည်းများကိုကူညီရန် လာမည့်ဘောလုံးရာသီတွင် လုပ်ခလစာမယူဘဲ ကစားပေးမည်ဖြစ်ကြောင်း အသင်းထံ ပီကေးအသိပေး

ဘာစီလိုနာအသင်းဘဏ္ဍာရေးအကျပ်အတည်းများကိုကူညီရန် လာမည့်ဘောလုံးရာသီတွင် လုပ်ခလစာမယူဘဲ ကစားပေးမည်ဖြစ်ကြောင်း အသင်းထံ ပီကေးအသိပေး

ဘာစီလိုနာအသင်းဝါရင့်ခံစစ်ကစားသမား ပီကေးက   လက်ရှိ   ဘာစီလိုနာအသင်းတွေ့ကြုံနေရသည့်အသင်းဘဏ္ဍာရေးအကျပ်အတည်းများကို ကူညီရန် လာမည့်ဘောလုံးရာသီတွင်     လုပ်ခလစာမယူဘဲ ကစားပေးမည်ဖြစ်ကြောင်း  အသင်းထံ  အသိပေးခဲ့သည်။ အသက် ၃၅ နှစ်အရွယ် ပီကေးသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသူဖြစ်ပြီး ပြီးခဲ့သည့်ဘောလုံးရာသီကလည်း   အသင်းဘဏ္ဍာရေးအကျပ်အတည်းများကြောင့်   လုပ်ခလစာလျှော့ယူခဲ့သူဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲစတင်ကျင်းပရန် ရက်ပိုင်းသာလိုတော့ပြီး ဘာစီလိုနာအသင်းအနေဖြင့် အသင်းဘဏ္ဍာရေးအကျပ်အတည်းများကြောင့် အသစ်ခေါ်ယူထားသောကစားသမားများကို  ကစားသမားစာရင်း မှတ်ပုံတင်နိုင်ခြင်းမရှိသေးသည့်အတွက် အသင်းမှကစားသမားများကို လုပ်ခလစာလျှော့ယူခြင်း သို့မဟုတ် ရောင်းချခြင်းများပြုလုပ်ပြီးမှသာ ကစားသမားသစ်များကို ကစားသမားစာရင်းမှတ်ပုံတင်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။
ပီကေးသည်   လက်ရှိအချိန်တွင်   အသင်းထံမှ လုပ်ခလစာအကြွေးများရရှိရန် ကျန်ရှိနေသော်လည်း လာမည့်ဘောလုံးရာသီတွင်      လုပ်ခလစာမယူဘဲ ကစားပေးမည်ဟု အသိပေးခဲ့ကြောင်း သိရသည်။