ဘိုကလေးမြို့၊ ငွေတောင်စံကျေးရွာသို့ မြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်းပေးအပ်၊ သမ ဝါယမဦးစီးဌာနမှ လယ်ယာသုံးထွန်စက်နှင့် စိုက်ပျိုးရေးသွင်းအားစု အရင်းမပျောက် မတည်ငွေလွှဲပြောင်းပေးအပ်

ဘိုကလေးမြို့၊ ငွေတောင်စံကျေးရွာသို့ မြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်းပေးအပ်၊ သမ ဝါယမဦးစီးဌာနမှ လယ်ယာသုံးထွန်စက်နှင့် စိုက်ပျိုးရေးသွင်းအားစု အရင်းမပျောက် မတည်ငွေလွှဲပြောင်းပေးအပ်

 
နေပြည်တော်၊ ဇွန် - ၉

 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုး တက်ရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ ငွေတောင်စံပြကျေးရွာ သို့ မြစိမ်းရောင် ရန်ပုံငွေ၊ သမဝါယမဦးစီးဌာနမှ လယ်ယာသုံးထွန်စက် ဝယ်ယူရန်နှင့် စိုက်ပျိုးရေးသွင်းအားစုအရင်းမပျောက် မတည်ငွေများလွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့ညနေပိုင်းတွင် အဆိုပါကျေးရွာ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြ သည်။

 
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ကျေးရွာဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစိမ်းရောင်ရန်ပုံငွေအတွက် ငွေကျပ် သိန်း ၃၀၀၊ Daedong ထွန်စက်(DS-4510) အမျိုးအစားဝယ်ယူရန် ငွေကျပ်သိန်း ၁၇၀ ကျော်နှင့် စိုက်ပျိုးရေးသွင်းအားစုအရင်းမပျောက်မတည်ငွေကျပ် ၄၈ သိန်းတို့အား လွှဲပြောင်း ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျေးရွာစွန့်ပစ်အမှိုက်မှ သဘာဝဓာတ်မြေဩဇာ ထုတ်လုပ်မည့်နေရာအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။