ဘုတ်ပြင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၁၅

 တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာန)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက နယ်မြေခံ တပ်ဌာနချုပ် တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

  ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ဆန် ၄၈ အိတ်၊ ဆီ ၈၃ ပိဿာ၊ ဆား ၇၂ ပိဿာ၊ ပဲ ၁၂၄ ပိဿာ၊ ကြက်ဥ ၈၉၀ လုံးနှင့် ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် Face Mask  ၃၀ ဘူး၊ Hand Sanitizer ၈၉ ဘူးတို့ကိုလည်းကောင်း၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန် ၁၈ အိတ်၊ ဆီ ၁၈ ပိဿာ၊ ဆား ၁၈ ပိဿာ၊ ကြက်ဥ ၃၀၀ လုံးနှင့် ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် Face Mask  ၁၅ ဘူး၊ Hand Sanitizer  ၁၅ ဘူးနှင့် ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ရာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များက လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို ကိုယ်အပူချိန် တိုင်းပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။