ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးလက်နေ ဒေသခံ တိုင်းရင်းသားပြည်သူများအား စားသောက် ဖွယ်ရာများနှင့် အထောက်အကူပြု ဆေးပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၅

 တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အတွင်းရှိ ကျေးလက်နေဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများကို အဆိုပါမြို့နယ်ရှိ မနိုးရုံးကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ သွားရောက်ပေးအပ် လှူဒါန်းသည်။

ဦးစွာ တိုင်းမှူးက စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေး အထောက် အကူပြုဆေးပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆန် ၂၁ အိတ်၊ ဆီ ၂၀ ပိဿာ၊ ဆား ၄၀ ပိဿာ၊ ကုလားပဲ ၃၀ ပိဿာ၊ ကြက်သွန်နီ ၆၀ ပိဿာ၊ ကြက်သွန်ဖြူ ၂၀ ပိဿာ၊ ကြက်ဥ ၅၀၀ လုံး၊ ရွှေဖီဦးနှင့် နန်းမြိုင်ကော်ဖီ အထုပ်ကြီး ၈ ထုပ်၊ နို့ဆီ ၁၀ လုံး၊ ခေါက်ဆွဲ ၁ ဖာ၊ ဘီစကစ် ၁ ဖာနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြစ်သည့် Face Mask  ၂၀ ဘူး၊ Hand Sanitizer  ၃၀ ဘူးနှင့် အလှူငွေများကို ပေးအပ် လှူဒါန်းရာ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။