ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂

             ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများ တွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

            ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ချင်းပြည်နယ်၊ မတူပီမြို့၊ မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့်  ဘာသာရေးကျောင်း စုစုပေါင်း ၂၄ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ချင်းပြည်နယ်၊ မတူပီမြို့၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် စာသင်တိုက်စုစုပေါင်း ၂၅ ကျောင်းရှိ သံဃာတော် များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများ ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းကြသည်။

            ၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ မဟာသန္တိကရရန် အောင်မြေ ကျောင်းတိုက်နှင့် ချင်းပြည်နယ်၊ မတူပီမြို့၊ ဖနိုင်တပ်ဦးကျောင်းရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။