ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများ၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်  ဧပြီ  ၆

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက်  တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက    တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌  ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မြို့မဘုန်းတော်ကြီးကျောင်း၊ ဓါတ်စွမ်းဟုန်ဘုန်းတော်ကြီးကျောင်း၊ မိုင်းဖြတ်မြို့၊ တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်း၊   မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သုမေဓါရာမကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ၊   ကျိုက်ဒေးဝိကျောင်းတိုက်တို့ရှိ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊  မွန်ပြည်နယ်၊  မော်လမြိုင်မြို့၊ သုမေဓါရာမကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓမ္မသုခကျောင်းတိုက် တို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား   နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍   ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့ပြင်  ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ မဟာသုမေဓါရာမတောရကျောင်းတိုက်၌ ဟိတဓရဖောင်ဒေးရှင်းမှ  ကြီးမှူးဖွင့်လှစ်လျက်ရှိသော   ယဉ်ကျေးလိမ္မာဆရာဖြစ်/အမြင်ဖွင့်သင်တန်းတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် လှိုင်းဘွဲ့တပ်နယ်မှ   တာဝန်ရှိသူများက အလှူငွေများနှင့်  လှူဖွယ်ပစ္စည်းများကို ကျောင်းတိုက်ဆရာတော်ထံသို့ သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။

၎င်းင်းအပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မြို့မဘုန်းတော်ကြီး ကျောင်း၊ ဓါတ်စွမ်းဟုန် ဘုန်းတော်ကြီးကျောင်းနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သုမေဓါရာ မကျောင်းတိုက်များရှိ    ဆရာတော်၊   သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များအား တပ်မတော်မှ   ဆေးအဖွဲ့များက   လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။