ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၄

 ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေး အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နှင့် ပင်လုံမြို့၊ မွန်ပြည်နယ်၊ သထုံမြို့နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်တိုက်စုစုပေါင်း ၉ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နှင့် ပင်လုံမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရ မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် စာသင်တိုက် စုစုပေါင်း ၂၄ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းမျာကို လည်းကောင်း သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းကြသည်။

၎င်းအပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ် သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။