နေပြည်တော်၊ ဧပြီ - ၂၃
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ် အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ကန်း ညီနောင်ကျေးရွာ၊ သင်္ကန်းညီနောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ကျိုက်ဒေးဝကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ ကံသုံးဆင့်ပရိယတ္တိစာသင်တိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၅)၊ ဖောင်းတောကျေးရွာရှိ သကျဓိတာစံကျောင်းတို့ရှိ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid- 19 ရောဂါကာ ကွယ်ရေးအထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ ကံသုံးဆင့်ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ လွယ်တောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး Mask များ၊ စာအုပ်၊ စာစောင်များနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။