ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ် လှူဒါန်း

နေပြည်တော်၊ မေ - ၂၇
    
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မေ ၂၆ ရက်နှင့် ယနေ့တို့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တို့ရှိ ကျောင်းတိုက်များမှ သံဃာတော် များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ ပညာသိပ္ပံကျောင်းတိုက်နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မပရိယတ္တိ စာသင်တိုက်တို့မှ သံဃာတော်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်း ကြ သည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ယနေ့တွင် ကလေးတပ်နယ်မှ တာဝန် ရှိသူများနှင့် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက  ဆေးဝါးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။