တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ ကောင်းမှုလျှံဘုန်းတော်ကြီးကျောင်း၊ ဆိုက်ခေါင်ဘုန်းတော်ကြီး ကျောင်း၊ အောင်မင်္ဂလာတပ်ဦးဘုန်းတော်ကြီးကျောင်း၊ ဇေယျသုခဘုန်းတော်ကြီး ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်ရှိ သလ္လာစိတ္တ သုခတပ်ဦးကျောင်းတိုက်နှင့် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ဓာတုမယ ဘုန်းတော်ကြီးကျောင်းတိုက်များရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid-19 ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ ကောင်းမှုလျှံဘုန်းတော်ကြီး ကျောင်း၊ ဆိုက်ခေါင်ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာတပ်ဦးဘုန်းတော်ကြီး ကျောင်းနှင့် ဇေယျသုခဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်လှည့်ဆေးကုသရေး အဖွဲ့ များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။