ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၄
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာရှိ တပ်ဦးဘန့်ဘွေးကုန်းကျောင်းတိုက်မှ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid-19 ရောဂါ ကာကွယ်ရေးအထောက် အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။