ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၆
    
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ် မြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်း၊ ကောင်းမှုလျှံဘုန်းတော်ကြီးကျောင်း၊ ဆိုက်ခေါင် ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာတပ်ဦးဘုန်းတော်ကြီးကျောင်း၊ ဇေယျသုခ ဘုန်းတော်ကြီးကျောင်း၊ ကောင်းဆန်းဘုန်းတော်ကြီးကျောင်း၊ ဝမ်ဟုန်ပြန့်ဘုန်း တော်ကြီးကျောင်း၊ မိုက်ညောင်ဘုန်းတော်ကြီးကျောင်းနှင့် မွန်ပြည်နယ်၊ မော်လမြိုင် မြို့၊ ဉဒါဟရုဏ်စာသင်တိုက်တို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid-19 ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဉဒါဟရုဏ်စာသင်တိုက်တို့မှ သံဃာတော်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် အဆိုပါဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။