ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

 
နေပြည်တော်၊ မတ် - ၃၀

 
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်းကျေးရွာရှိ အောင်ဘုန်းပွင့်စေတီနှင့် တောင်တွင်းကြီးမြို့နယ်၊ ညောင်မှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့၌ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ နယ်မြေခံတပ်မတော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက်ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ဘုရားရင်ပြင်တော်နှင့် ပရဝုဏ်အတွင်း သန့်ရှင်းရေးပြုလုပ်ပေးခြင်း တို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။