ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော် ကောင်စီနယ်မြေသို့ ဒုတိယအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailerဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထားကိုးကွယ်မည့် နေပြည်တော်ကောင်စီ နယ်မြေသို့ ဒုတိယအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆီမီးခုံကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တမာဏိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ငါန်းဇွန်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပထမဦးဆုံး ထွက်ခွာမည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို ဆရာတော်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း နှင့် တပ်မတော်အရာရှိကြီးများက အမွှေးနံ့သာရည်များ ဖြင့် ပက်ဖျန်း ပူဇော်တော်မူကြသည်။

၎င်းနောက် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများအား ပင့်ဆောင်ရန်အတွက် အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြပြီး ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် လောင်းလျာပင်မကျောက်တော်ကြီးမှ ပလ္လင်တော်အပိုင်း ၂ နှင့် အပိုင်း ၄ တို့ကို တင်ဆောင်ထားသည့် Modular Trailer များသည် မင်္ဂလာအချိန်တွင် စတင်ပင့်ဆောင် ထွက်ခွာတော်မူကြရာ ငါန်းဇွန်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း နှင့် တက်ရောက်လာကြသူများက ဖူးမြော်ကြည်ညို ခဲ့ကြကြောင်း သတင်းရရှိသည်။