ဘူးသီးတောင်တပ်နယ်နှင့် ဝါးခုတ်ချောင်းတပ်နယ်တို့ရှိ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ် ပေးအပ်

ဘူးသီးတောင်တပ်နယ်နှင့် ဝါးခုတ်ချောင်းတပ်နယ်တို့ရှိ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ် ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၁၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ လက်ဝဲဒက် မိသားစုဘော်ဒါဆောင်၌ နေထိုင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ တက်ရောက်သင်ကြားလျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်တပ်နယ်နှင့် ဝါးခုတ်ချောင်းတပ်နယ် တို့မှ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံပေးအပ်ခြင်းကို ဇူလိုင် ၁၃ ရက်တွင် အဆိုပါ မိသားစုဘော်ဒါဆောင်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြား လျက်ရှိ သည့် ဘူးသီးတောင်တပ်နယ်နှင့် ဝါးခုတ်ချောင်းတပ်နယ်တို့မှ အခြေခံပညာ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်များကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ပြီး ဘော်ဒါဆောင်ဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။