ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများအလိုရှိသည်

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများအလိုရှိသည်

၁။    လျှောက်ထားသူသည်-
    (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (အပျို) ဖြစ်ရမည်။
    (ခ)    အနည်းဆုံး အရပ်(၅)ပေ(၃)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)ထက်မနည်းရ၊ ပေါင်(၁၃၀)ထက် မကျော်ရ။
    (ဂ)    မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။
    (ဃ)    တက္ကသိုလ်တစ်ခုခု ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ မည်သည့်ဘွဲ့မဆို လျှောက်ထားနိုင်သည်။  
    (င )    မဟာဘွဲ့တက်ရောက်ရန် အဆင့်မီသူ ဦးစားပေးမည်။ မဟာဘွဲ့ရရှိပြီးသူ၊ ပါရဂူဘွဲ့ရရှိပြီးသူများလည်း လျှောက်ထားနိုင်သည်။ 
    (စ)    ဘွဲ့လက်မှတ်(မူရင်း)နှင့် ဘွဲ့ရအမှတ်စာရင်း တင်ပြနိုင်ရမည်။ 
    (ဆ)    ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အသက်၂၅ နှစ်ထက် မကျော်လွန်စေရ။ မဟာဘွဲ့ရရှိပြီးသူများ အနေဖြင့် ၂၇ နှစ် အထိလည်းကောင်း၊ ပါရဂူဘွဲ့ရရှိပြီးသူများအနေဖြင့် ၃၀ နှစ် အထိလည်းကောင်း လျှောက်ထား နိုင်သည်။
    (ဇ)    ဗိုလ်လောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးပါက ဒုတိယဗိုလ်အဆင့် စတင်ခန့်အပ်ခြင်းခံရမည်။ မဟာဘွဲ့ ရရှိပြီးသူ၊ ပါရဂူဘွဲ့ရရှိပြီးသူများသည် ဗိုလ်အဆင့် စတင်ခန့်အပ်ခြင်းခံရမည်။
    (ဈ)    တပ်မတော်မှ လေ့ကျင့်သင်ကြားမှု စနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။
၂။    လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ ရယူနိုင်သည်။
၃။    လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၃ ပုံနှင့် တပ်မတော်ဆေးရုံ/ပြည်သူ့ဆေးရုံတို့မှ ပဏာမဆေးစစ်အောင်မြင်ကြောင်း ထောက်ခံချက် ပူးတွဲတင်ပြရမည်။
၄။    အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိရမည်။
၅။    လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စတင်ထုတ်ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူရရှိသော တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် အချိန်မီပေးပို့ကြရမည်။
၆။    သတ်မှတ်ချက်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသာ တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရမည်။ အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတစ်ဆင့်  အချိန်မီပေးပို့သွားမည်။
၇။    သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်းမရှိသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက်ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ မိမိတို့လျှောက်လွှာတင်သွင်းသည့် တိုင်းစစ်ဌာနချုပ်တွင် ရွေးချယ်ခြင်းခံရသည်/မခံရသည်ကို သွားရောက် စုံစမ်းမေးမြန်းနိုင်သည်။    

                                                                                                                                 စစ်ရာထူးခန့်ချုပ်ရုံး
                                                                         ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)