မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရိုင်ပြည်သူ့ဆေးရုံကြီးအား Drone ယာဉ်ဖြင့် လက်လုပ်ဗုံးချိတ်ဆွဲပစ်ချတိုက်ခိုက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရိုင်ပြည်သူ့ဆေးရုံကြီးအား Drone ယာဉ်ဖြင့် လက်လုပ်ဗုံးချိတ်ဆွဲပစ်ချတိုက်ခိုက်

နေပြည်တော်၊ ဇွန် ၂၂

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မြို့နယ်အချို့၌ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် Drone ယာဉ်များအသုံးပြု၍ လက်လုပ်ဗုံး ချိတ်ဆွဲပစ်ချ တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာ ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့် တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ကုန်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးအား PDF အမည်ခံ အကြမ်းဖက် အဖွဲ့က Drone ယာဉ်အသုံးပြု၍ လက်လုပ်ဗုံး ၁ လုံးဖြင့် ချိတ်ဆွဲပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံဝင်း အတွင်းရှိ ပြင်ပလူနာဆောင်ရှေ့ ပေ ၂၀ ခန့်အကွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ပြည်သူလူထုအား ဆေးကုသမှုဆောင်ရွက်ပေးနေသည့် ခရိုင်ပြည်သူ့ဆေးရုံကြီး အား လက်လုပ်ဗုံးပစ်ချတိုက်ခိုက်ခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။