မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ “Hana Microfinance” အသေးစားချေးငွေရုံးမှ ဝန်ထမ်း အမျိုးသမီးအား သေနတ်ဖြင့် ခြိမ်းခြောက်၊ ငွေတောင်းခံ ပစ်ခတ်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ “Hana Microfinance” အသေးစားချေးငွေရုံးမှ ဝန်ထမ်း အမျိုးသမီးအား သေနတ်ဖြင့် ခြိမ်းခြောက်၊ ငွေတောင်းခံ ပစ်ခတ်မှုဖြစ်ပွား

နေပြည်တော်၊ မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၆)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းသွယ်ရှိ “Hana Microfinance” အသေးစားချေးငွေရုံးခန်းသို့ မတ်လ ၁၅ ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင် အကြမ်းဖက် သမား ၂ ဦး ဝင်ရောက်လာပြီး ငွေကိုင်ဝန်ထမ်း မသီရိထွန်း (၂၉)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သွား သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ ဝန်ထမ်းအမျိုးသမီး သည် ရုံးအတွင်း တစ်ဦးတည်းရှိနေစဉ် Mask အနက်များ တပ်ဆင်ထားသော အကြမ်းဖက်သမား ၂ ဦး က ရုံးအတွင်းဝင်ရောက်လာ၍ သေနတ်ဖြင့် ချိန်ရွယ်ကာ ငွေသေတ္တာအား ဖွင့်ပေးရန်ပြောဆိုသဖြင့် ဝန်ထမ်းအမျိုးသမီးမှာ ကြောက်လန့်၍ ရုံးအနောက်ဘက်အခန်းသို့ထွက်ပြေးရာ အကြမ်းဖက်သမား များက သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့သဖြင့် ဝန်ထမ်းအမျိုးသမီး၏ ဝဲတင်ပါးဖောက်ဝင်ဒဏ်ရာ ၁ ချက် ထိမှန်သွားခဲ့ပြီး အကြမ်းဖက်သမား ၂ ဦးမှာ ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့သည်။ ဝန်ထမ်းအမျိုး သမီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပခုက္ကူဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးစေခဲ့ပြီး အကြမ်းဖက် သမား ၂ ဦးအား ဖမ်းဆီးရမိရေး လိုက်လံပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။