မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ဆူပူအကြမ်းဖက်သူ ၅၀ ဦးခန့်မှ ဆီဘောက်ဆာ ယာဉ်မောင်းထံမှ ဖုန်းနှင့် ပိုက်ဆံများလုယူပြီး ဆီဘောက်ဆာယာဉ်အား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၉

၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ဆူပူ အကြမ်းဖက်သူ ၅၀ ဦးခန့်မှ ဆီဘောက်စာယာဉ်မောင်းထံမှ ဖုန်းနှင့်ပိုက်ဆံများလုယူပြီး ဆီဘောက်ဆာယာဉ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၈ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မြိုင်မြို့နယ်၊ မြိုင်-ဂန့်ဂေါသွား ကားလမ်းပေါ် လက်ပံတိုရေနံမြေမှ မုံရွာမြို့နယ် ကျောက်ကာကျေးရွာသို့ မြိုင်မြို့နယ်၊ သနပ်ရင်း ကျေးရွာနေ သန်းကျော် (၃၃)နှစ် (ဘ) ဦးကျော်မင်း မောင်းနှင်ပြီး ဗဟင်းကျေးရွာနေ လှမင်းသူ (၂၃)နှစ် (ဘ) ဦးကျော်မင်း လိုက်ပါလာသည့် YGN 4K-xxxx နံပါတ်ပါ ၂၂ ဘီးဆီဘောက်ဆာယာဉ် အား တောင်ရိုးကျေးရွာနှင့် သံချောင်းကျေးရွာအကြားအရောက်တွင် မျက်နှာအား ပုဆိုးများဖြင့် စည်းထားသည့် ဆူပူအကြမ်းဖက်သူ အမျိုသား ၅၀ ဦးခန့် (စိစစ်ဆဲ)မှ ဆိုင်ကယ် ၃၀ စီးခန့်ဖြင့် လမ်းအား ပိတ်ဆို့တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ၂ ဦးအား ယာဉ်ပေါ်မှ ဆင်းခိုင်းပြီး ယာဉ်မောင်းဖြစ်သူ သန်းကျော် ထံမှ ဖုန်း ၂ လုံးနှင့် ငွေကျပ် ၃ သိန်းကျပ်တို့အား လုယူခဲ့ပြီး ယာဉ်ခေါင်းခန်းအား မီးရှို့၍ သံချောင်းကျေးရွာဘက်သို့ ဆိုင်ကယ်များဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါယာဉ်၏ ယာဉ်ခေါင်းတွဲ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

 ဖြစ်စဉ်တွင် ဆီဘောက်ဆာယာဉ်မောင်းထံမှ ဖုန်းနှင့် ပိုက်ဆံများလုယူပြီး ယာဉ်အား မီးရှို့ဖျက်ဆီးကာ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်လုယက်ဖျက်ဆီးခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။