မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၌ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ

နေပြည်တော် ၊ နိုဝင်ဘာ - ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ ၁၇ လမ်း၊ အမှတ်(၁၉၆)နေ ဦးလင်းလင်းနိုင် ပိုင်ဆိုင်သည့် အဆောက်အဦအား အုတ်တံတိုင်းခတ်ရန် မြေကျင်းတူးဖော် စဉ် နိုဝင်ဘာ ၁၅ ရက်နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် အလျား ၄ လက်မခန့်၊ လုံးပတ် ၈ လက်မခန့်ရှိ ဗုံးသီးဟောင်းတစ်လုံးအား တွေ့ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေး သိမ်းဆည်းခဲ့သည်။

အဆိုပါဗုံးသီးဟောင်းအား အများပြည်သူများ အန္တရာယ်မဖြစ်စေရေး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။