မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာရှိ ရွာသူ၊ ရွာသားများအား ပတ်ဝန်းကျင်ကျေးရွာများမှ NLD ပါတီဝင် ဆူပူအကြမ်းဖက်သူများက ဝိုင်းဝန်းတိုက်ခိုက်

နေပြည်တော်  ဧပြီ  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊  မင်းကင်းမြို့နယ်အတွင်းရှိ  မုတ္တာကျေးရွာ၊ သံပေါက်ကျေးရွာ၊ လောင်းပြည့်ကျေးရွာ၊  အိုးဘိုကျေးရွာ၊ ဘိုင်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ကျောက်ခဲတက်ကျေးရွာ၊ တုံကျေးရွာ၊ ပိတ်ချင်းတော ကျေးရွာနှင့် ကုန်းရင်ကျေးရွာများမှ NLD ပါတီဝင် ဆူပူအကြမ်းဖက်သူ ၇၀၀ ဦးခန့်သည် ဧပြီ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် ပန်းဆက်ကျေးရွာရှိ ရွာသူ၊ ရွာသားများအား ဓာတ်ဆီပုလင်းများပစ်ပေါက်ခြင်း၊ တူမီး သေနတ်၊ တုတ်၊ ဓား၊ လေးခွများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများလာရောက် ဆောင်ရွက်ခဲ့သဖြင့် ကျေးရွာရှိ နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ပြီး ရွာသား ၁ ဦး တူမီးသေနတ်ထိမှန်သေဆုံးခဲ့ကာ ၄ ဦးတို့တွင် တူမီး သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း  သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး စိုးရိမ်ရဒဏ်ရာရရှိသူတစ်ဦးအား ကနီမြို့ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ဆေး ကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။         

(၁၀၀)