မင်းဘူး(စကု)မြို့နယ်မှတောင်သူများ မြေပဲသီးနှံစိုက်ပျိုးချိန်နောက်ကျသော်လည်း ဈေးကောင်းရသဖြင့်အဆင်ပြေ

မင်းဘူး(စကု)မြို့နယ်မှတောင်သူများ မြေပဲသီးနှံစိုက်ပျိုးချိန်နောက်ကျသော်လည်း ဈေးကောင်းရသဖြင့်အဆင်ပြေ

မင်းဘူး၊ စီးပွားရေး

မကွေးတိုင်းဒေသကြီး  မင်းဘူး(စကု) မြို့နယ်မှတောင်သူများ    မိုးသီးနံှအဖြစ်စိုက်ပျိုးထားသော မြေပဲသီးနှံများစိုက်ပျိုးချိန်နောက်ကျသော်လည်း ဈေးကောင်းရသဖြင့်အဆင်ပြေကြောင်း  မင်းဘူး(စကု)မြို့နယ် လက်ပံတောကျေးရွာ တောင်သူများထံမှသိရသည်။မင်းဘူး(စကု)မြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စု၊ ကျေးရွာပေါင်း ၁၅၀ ရှိကာ ဒေသခံကျေးလက်နေပြည်သူများမှာစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြသည်။ အချို့ကျေးရွာများရှိ တောင်သူများမှာ   ဥယျာဉ်ခြံမြေများပြုစုပျိုးထောင်လုပ်ကိုင်ကြပြီး စားပင်သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံပင်များဖြစ်သည့် သရက်၊  လျှော်ဖြူ၊ သနပ်ခါး၊ မန်ဂျန်ရှား၊ ဆီးပင် စသည်တို့ကို
စိုက်ပျိုးလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေအဖြစ် စက်ရေတွင်းတူး၍စိုက်ပျိုးကြပြီး ရေအောင်သည့်ကျေးရွာများ၌      ၎င်းသီးနှံများကို တစ်နှစ်ပတ်လုံး    စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။

ယခုအခါ တောင်သူများမှာ မိုးနှောင်းသီးနှံအဖြစ်စိုက်ပျိုးထားသည့် မြေပဲများအရွက်များဝါလာကာ အပွင့်များကျလာပြီးနုတ်သိမ်းချိန်တန်ပြီဖြစ်၍ စတင်သိမ်းဆည်းနေကြပြီဖြစ်သည်။ ယခင်နှစ်များက မြေပဲတစ်ဧက တင်း ၈၀ ထွက်ရှိကာ တစ်တင်းလျှင် ငွေကျပ် ၁၀၀၀၀ ဖြင့်ရောင်းချရပြီးမြေပဲစိုက်တောင်သူများ အဆင်ပြေကြကာယခုလက်ရှိမြေပဲဈေးမှာလည်း ငွေကျပ်၈၀၀၀၊ ၁၀၀၀၀ ဈေးရောင်းရကာ မြေပဲအထွက်နှုန်းလည်းကောင်းသောကြောင့်မြေပဲစိုက်ပျိုးသူများ အဆင်ပြေကြောင်း လက်ပံတောကျေးရွာမှ မြေပဲစိုက်တောင်သူဦးသောင်းလှိုင်ထွေးထံမှ သိရသည်။

 

ဇေယျာထက်(မင်းဘူး)