မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဘေးရှိ မင်္ဂလာကန်တွင် အများပြည်သူ အပန်းဖြေ အနားယူနိုင်ရန် စိမ်းလန်းမြေနှင့် စက်ဘီးစီးလမ်းဆောင်ရွက်ပြီးစီးမှုကြည့်ရှု
နေပြည်တော်၊ မတ် - ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဘေးရှိ မင်္ဂလာကန်တွင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရန် စိမ်းလန်းမြေနှင့် စက်ဘီးစီးလမ်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးစိုးသိန်း ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး အသီးသီးရှင်းလင်းတင်ပြကြရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။