မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ခရီးသည်တင်ကားဂိတ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိ

နေပြည်တော်  မတ်  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မန္တလေးလမ်းနှင့်ဒညင်းရိုး ပတ်လမ်းထောင့်၊ အခန်းအမှတ်(ဓ/၁၁၊ ၁၂)ရှိ မျိုးဆက်သစ်ခရီးသည်တင်ကားဂိတ် ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းစဉ် မတ် ၁၉ ရက် မွန်းလွဲ ၂နာရီ ၁၅ မိနစ်ခန့်တွင်  ပီနံအိတ်သုံးအိတ် လာရောက်ထုတ်ယူသည့် ရာဇာသက်နိုင်ထွန်း(ဘ) ဦးအောင်ကျော်တင့် အပါအဝင် အမျိုးသမီးတစ်ဦး၊ အမျိုးသားရှစ်ဦး စုစုပေါင်းကိုးဦးအား စစ်ဆေးရှာဖွေရာ ၎င်းင်းပီနံအိတ်များအတွင်းမှ အရိုး၊ အရွက်နှင့် အစေ့ရောရာ ဆေးရွက်ခြောက် ၁၀ ဒသမ ၅ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၈၀ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မင်္ဂလာဒုံမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)